၁။ ကလေးများအား မသန့်ရှင်းသောရေသည် သူတို့ကိုဖျားနာစေနိုင်ကြောင်းသိရှိစေရန်ဖြစ်သည်။ ၂။ ကလေးများသည် ရေ၏ ညှစ်ညမ်းမှုကိုတားဆီးရန်နည်းလမ်းအချို့ကိုလေ့လာသင်ယူစေရန်ဖြစ်သည်။
ဆရာများသိသာရန် ဤသင်ခန်းစာသည်လေ့လာသင်ယူသော ကလေးငယ်များအသိုင်းအဝိုင်း၏ကျန်းမာရေးအတွက်ဖြစ်သည်။ ဤသင်ခန်းစာသည် SEAN မှပြုစုသောသင်ခန်းစာဖြစ်သည်။ သန့်ရှင်းသောရေနှင့် ပတ်သတ်သော ပထမသင်ခန်းစာဖြစ်သည်။ ကျန်းမာရေးပညာပေးသည့် သင်ခန်းစာများအပြီးတွင်သင်ကြားပေးရန်ဖြစ်သည်။